ကျောက်တည်နေသူများအတွက် ကျောက်ကျစေတဲ့ မြန်မာ့ဆေးနည်း (၁၃)နည်း

ကျောက်တည်နေသူများအတွက် အမှန်အကန် ကျောက်ကျစေတဲ့ မြန်မာ့ဆေးနည်း (၁၃)နည်း

ကျောက်တည်နေသူများအတွက် ကျောက်ကြေနည်း ၁၃ နည်းကိုမျှဝေပေးလိုက်ပါတယ်နော်… ကျောက်ကွဲရွက်ကိုအခြောက်လှန်းလ္ဘက်ခြောက်လိုခပ်သောက်အရွက်စိုကိုထမင်းနဲ့အတို့မြုတ်လိုလုပ်စား ၁၀ရက်ဆွဲသောက်သဲခြေကျောက်တောင်ပျော်ကျတယ်။ အုန်းသီးစိမ်းထဲကို ငရုတ်ကောင်းမှုန့်ထည့်ပြီး စားပါသောက်ပေးပါ…

ကျောက်ဖရုံသီးကို ခြစ်ယူပီးသကြားလေးနဲနဲထဲ့ အရည်ကိုညှစ်ပီးသောက်ရင်ပျောက်ပါတယ် ကိုယ်တွေ့ပါ တပင်တိုင်မြနန်းဆေးကိုသောက်ပါကျောက်ကြွေကျသွားပါလိမ့်မည်…၅.. ဖလံတောင်ဝှေးနှင့်ရေကြက်ချက်စားရင်ပျောက်ပါတယ်..သံမနိုင်ကျောက်မနိုင်ပင်ပြုတ်သောက်လည်းရပါတယ်…

၇..ကျွဲနှာခေါင်းချိတ်ပင်ကိုဆန်ဆေးရည်နဲ့ပြစ်ပြစ်သွေးတနေ့နှစ်ကြိမ်သောက် ဆီးကျောက်ပျော်ကျပါတယ်…သည်းခြေအိတ်မှာကျောက်တည်တာဆို ပန်းသီးစားတဲ့နည်းသုံးပါ လက်တွေ့ပျောက်ခဲ့ဘူးတာပါ..

ဆေးနည်း မသိခဲ့ရင်ပြောပေးပါမယ်….ပန်းသီးကို တနေ့၅လုံး၆လုံးစားပါ၆ရက်ဆက်တိုက်စားပါ၆ရက်မြောက်နေ့မှညစာမစားဘဲညနေ၆နာရီမှဆားခါးဆေးဆိုင်တွေမှာရပါတယ်တဇွန်းသောက်ပါ။ည8နာရီမှဆားခါးတဇွန်းထပ်သောက်ပါ။

ည ဆယ်နာရီမှာ သံလွင်ဆီ / နှမ်းဆီ လက်ဘက်ရည်ပန်းကန်သေး တလုံးစာသောက်ပါ။ ဝမ်းသွားပါမယ်။ ဝမ်းထဲမှာ ကျောက်ကြေတွေပါသွားပါတယ်။ ကျောက်ကြီးရင်၂ခါ ၃ခါလောက်လုပ်ပါတကယ်ပျောက်ပါတယ်။လက်တွေ့ပါ။

နိုင်ငံခြားဆေးခန်းတခုမှာပြတော့ ကျောက်ကကြီးနေပြီမို့ တပတ်အတွင်းခွဲခိုင်းတာပါ။ ပန်းသီးနည်းတွေ့ပြီး စားကြည့်ရာက သက်သာသွားတာပါ။ ဆီးလမ်းကြောင်းကျောက်တည်ပျောက်ဆေးနည်း(ကျောက်ကပ်တွင်ကျောက်တည်ပါက ဤနည်းနှင့် မဆိုင်ပါ)အုန်းသီး(ဇွန်းခြစ်) ကိုအဝလှပ်ပါ။

ယမ်းစိမ်းငရုတ်ကောင်းတစ် စေ့ ခန့် အမှုန့် ကြိတ်ပြီး အုန်းသီးထဲ ထဲ့ ပါ။ နာရီဝက်ထားပါ။ပြီးလျှင် အရည် အဖတ် အကုန် စား ပါ။၁ နေ့ ၁ ကြိမ် သောက်ပါ။ ကျောက်ကြီးလျှင်၃ ရက် သောက် ပါ။ ယုံကြည် စိတ်ချစွာသောက်ပါ။

ကျွန်တော့ သူငယ်ချင်း လက်တွေ့ ပျောက်၍ သူ့အားမေးပြီး တင်ပြခြင်းဖြစ်ပါသည်။ ကျန်းမာပါစေ။ ဆီးကျောက်တည်တာဆို ကြက်သွန်နီ အကွင်း လိုက်လှီးပြီး သကြားနဲ့ ရေတ ဖန်ခွက် စိမ်သောက်ပါ… ဝက်သားနဲ့ဗေဒါရွက်ချက်စား…ငါးပြေမနဲ့ စောင်းလျားသီးချက်စားပါ လက်တွေ့ပါ…

ငါးပုံသားကျောက်ကိုမီးဖုတ်ပီးအမူတ်ကြိတ်ပီးသောက်ပီးရင်အုန်းရည်သောက်ရပါတယ်။ဆီးလမ်းကြောင်း နဲ့ ကျောက်ကပ်ကျောက်တည် တာဆိုရင် ကျောက်ဖယုံသီးကို သဘေ်ာသီးခြစ်နဲ့ ခြစ်ပြီး အရည်ကို ညစ်သောက်ပါ…မနက်တစ်စိပ်…ညနေတစ်စိပ်သောက်ပါ…တစ်လုံးကိုနှစ်ရက်သောက်လို့ရပါတယ်….ကျောက်ဖယုံရည်က အရသာဆိုးပါတယ်…သောက်ခါစအကျင့်မရခင်မှာ…

အရည်သောက်ပြီးလျှင် သကြား ထန်းလျက် စသဖြင့် အနည်းငယ်စားပြီး ခံတွင်းအရသာဆိုးတာကိုဖြေနိုင်ပါတယ်ကိုယ်တွေ့မိုပြောပြလိုက်တာပါကျောက်ကြွေတဲ့အထိသောက်ရပါမယ်ကျောက်ကြွေတဲ့အခါဆီးနောက်ပါတယ်အမျိုးသားဆိုပါကဆီးလမ်းကြောင်းကျဉ်းတာမို့…ကျောက်ကြွေချိန် ဆီးလမ်းကြောင်းနာကျဉ်တတ်ပါတယ်…credit

unicode









