ဆွမ်းမွှေးရွက် မှပေးသော ကျန်းမာရေးအကျိုးကျေးဇူးများ

ဆွမ်းမွှေးရွက် မှပေးသော ကျန်းမာရေးအကျိုးကျေးဇူးများ

ရောဂါအမျိူးမျိူးအတွက် ဆွမ်းမွှှေးရွက်အစွမ်း(or)ဆူးမွှေးရွက်

ဒီအရွက်ကို ချက်ပြီးခါစ ထမင်းအိုးထဲမှာထည့်ထားလိုက်ရင်ထမင်းမှာ အနံ့စွဲပြီး ရနံ့သင်းစေပါတယ် … ဒါ့ကြောင့် သူ့ကို ဆွမ်းမွှေးရွက်လို့ ခေါ်ဆိုကြခြင်းဖြစ်ပါတယ်ခင်ဗျာ …

အချို့ကတော့ ဆူးမွှေးရွက်လို့ ခေါ်ကြပါတယ် … ဆွမ်းမွှေးရွက် အရည်ကို မုန့်လက်ဆောင်းဖတ် ပြုလုပ်တဲ့နေရာတွေမှာလည်း ထည့်သွင်း အသုံးပြုကြသလို အခြားသော အစားအစာတွေထဲ၌လည်း ရနံ့မွှေးအောင် ထည့်သွင်း အသုံးပြုကြပါတယ် …

ဆွမ်းမွှေးရွက်ဟာ မည်သည့်ဒေသမှာမဆို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ပါတယ်ခင်ဗျာ … သူ့အရွက်ကိုခူးဆွတ်၍ ရေသန့်စင်အောင်ဆေးကြောပြီး ကြိတ်၍ အရည်ညှစ်သောက်ပါက..

( ၁ ) – အသည်းရာင် အသားဝါ/ အဆုတ်ရောဂါ/ အဆစ် အမြစ်ရောင်ရောဂါ/ ဒူးနာ ရောဂါ/ ခါးနာ ရောဂါ/ ဗိုက်အောင့် ဗိုက်နာရောဂါ/ ဂေါက်ရောဂါ/ သွေးတိုးရောဂါ/ ကင်ဆာရောဂါ/ အဖျား ရောဂါအမျိုးမျိုး

( ၂ ) – အရေပြားရောဂါ အမျိုးမျိုး/ ခေါင်းကိုက် / နားကိုက်/ သြားဖုံးနာ/ အပူကျခြင်း/အဆိပ်ပြေစေခြင်း/အိပ်မပျော်ခြင်း/ ပင်ပန်းနွမ်းနယ်ခြင်း/အားအင်ကုန်ခမ်းခြင်း/ အရက်မူးပြေ ပျောက်ခြင်း/ အရက်နာကျခြင်းများာက်ကင်းခြင်း

သူ့ရဲ့ အရွက်ခြောက်ကို လက်ဖက်ခြောက် ကဲ့သို့ ရေနွေး ခပ်သောက်လို့ရသလို ၊ အရွက်ခြောက် ကိုအမူန့်ကြိတ်၍ ၎င်းအမူန့်ကို အင်ပြင်နဲ့အခြားသော ယားနာ အဖုများအပေါ်သို့ ပွတ်လိမ်းပေးပါက ပျောက်ကင်းသက်သာစေပါတယ် …

ဆွမ်းမွေးရွက်က အနံ့အသက်ဆိုးများကို စုပ်ယူပေးနိုင်ခြင်းကြောင့် မိမိတို့၏ အိမ်ခန်း ၊ အိပ်ခန်းနဲ့ ဖိနပ်စင်များပေါ်၌ ချိတ်ဆွဲထားနိုင်ပါတယ်ခင်ဗျာ …..credit

unicode









Add a Comment

Your email address will not be published. Required fields are marked *