ကော်ဖီသောက်ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်လား..?

ကော်ဖီသောက်ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်လား..?

ကော်ဖီ သောက်ရင်ဘယ်လိုကျန်းမာရေး ကောင်းကျိုးတွေ ရတယ်ပြောလိုက်၊ဘယ်လို ဆိုးကျိုးတွေ ဖြစ်စေတယ်ပြောလိုက်နဲ့မို့ဘာကအမှန်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိချင်နေကြတဲ့သူတွေအတွက်Insiderမှဖော်ပြထားတဲ့ ကော်ဖီနဲ့ ကျန်းမာရေးဆိုင်ရာအကြောင်းကို ပြန်လည် ဝေမျှ ပေးချင်ပါတယ်။

ကော်ဖီ သောက်တာ ကောင်း တာလား၊မ ကောင်းတာလား လို့ မေးလာရင် တော့ နှစ်ခုလုံးလို့ပဲ ပြန်ဖြေရမှာပါ။အမေရိကန်မှာဆိုရင်တော့အရွယ်ရောက်ပြီးသူ(၄၉)ရာခိုင်နှုန်းကကော်ဖီနေ့တိုင်းသောက်ကြတာပါ။ကော်ဖီသောက်ရင်ကောင်းကျိုး ရတာ လည်း ရှိသလို ဆိုးကျိုး ဖြစ်စေတာ မျိုးတွေ လည်း ရှိပါတယ်။

အာရုံစူးစိုက်မှု ကောင်းစေImage:freepikကော်ဖီ သောက်လိုက်ရင် လူက လန်းလာပြီးအာရုံစိုက်မှု ပို အားကောင်းတာကိုသတိထားမိကြမှာပါ။ကော်ဖီမှာ ပါတဲ့ Caffeine ဓါတ် ကြောင့် ခုလို ခံစားရတာပါ။ကော်ဖီသောက်လိုက်ရင်န်းဆန်းပြီး အာရုံစူးစိုက်မှု ပို အား ကောင်း စေတဲ့ ရလဒ်က (၄)နာရီ လောက်ကြာတဲ့ အထိ ခံစားရတတ်ပါတယ်။

ဒါကြောင့် အိပ်ခါနီး မှာ ကော်ဖီ သောက် လိုက်ရင် အိပ် မ ပျော်တာ မျိုးတွေ ဖြစ်တာပါ။ကော်ဖီ (၈)အောင်စ တစ်ခွက်မှာဆိုရင် ကဖိန်း ဓါတ် (၁၃၃) မီလီ ဂရမ် ပါ ပါတယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျက်စီးစေသည့်အပြုအမူများနှင့်ရှောင်ကြဉ်နည်းများ

ခေါင်းတခြမ်းကိုက်တာ သက်သာစေကော်ဖီ သောက်ခြင်းရဲ့ ကောင်းကျိုးတွေထဲမှာ ခေါင်းတခြမ်းကိုက်တဲ့ ရောဂါ ကို သက်သာ စေတယ်ဆိုတဲ့ အလချက် လည်း ပါပါတယ်။ဒါကလည်း ကဖိန်း ဓါတ် ကြောင့်ပါ။အဲ့ဒီ ဓါတ်က သွေး ကြော တွေကို ကျဉ်း သွားစေတာ ကြောင့် နာကျင်မှု ကို လျော့ ကျ စေတာပါ။

ရေရှည်ကျန်းမာရေး အတွက် ကောင်းImage:freepik(၂၀၀၆)က လေ့လာ မှု တစ်ခုမှာတော့ ကော်ဖီ သောက်ခြင်းက ဆီးချို သွေးချို ရောဂါ ဖြစ်ပွားမှု ကို လျော့ ကျ စေ တယ်လို့ လည်း ဖော်ပြ ခဲ့ဖူးပါတယ်။ကော်ဖီစစ်စစ်တော့ ဖြစ်ဖို့ လိုပါတယ်။ကော်ဖီမှာပါတဲ့ Niacin ၊Pota ssium၊Magnesium တို့ က ကျန်းမာရေး အတွက် အ ထောက် အကူဖြစ် စေပါတယ်။

တစ်ချို့ ကော်ဖီမစ်ထုပ်တွေမှာ ပါတဲ့ ပါဝင် ပစ္စည်းတွေက အန္တရာယ်ဖြစ်စေကော်ဖီ သောက် ရင် ကောင်းတယ်ဆိုတာနဲ့ စျေးကွက်ထဲက ရယ်ဒီမိတ် ကော်ဖီမစ် ထုပ် တွေကို သောက် နေလို့ မဖြစ် ပါဘူး။သူတို့မှာပါတဲ့ ပါဝင် ပစ္စည်းတစ်ချို့က လူကို ထိခိုက် စေပါတယ်။

တက်နိုင်ရင်တော့ Pure Coffee ကို ေ ရွးချယ် ပြီး သောက်တာ အ ကောင်းဆုံးပါ။READသာမန်ပစ္စည်းတွေကို ပိုအသုံးဝင်စေဖို့ ဆန်းသစ်ထားကြတဲ့ ကမ္ဘာအနှံ့ကတီထွင်မှုများကော်ဖီ သောက်တာ များရင် ဆိုးကျိုး ဖြစ်စေ

Image:freepikသောက်တာ များရင်တော့ ဆိုးကျိုးတွေရှိပါတယ်။အလွန်အကျွံဆိုရင် တော့ ခေါင်းကိုက်တာ၊ရင်တုန်တာ( တစ်ချို့ ကျ တော့လည်း နှလုံးကျန်းမာရေး ကြောင့် နည်းနည်းသောက်လဲ ရင်တုန်တာမျိုးရှိ)၊အိပ် မ ပျော်တဲ့ ရောဂါ၊အစာအိမ် .. အစရှိတဲ့ ရောဂါ တွေ ဖြစ်စေပါတယ်။ကော်ဖီ ဘယ် လောက် သောက် သင့်လဲ

Image:freepikတစ်နေ့ ကို ကော်ဖီ (၄) အောင်စ ကနေ (၈)အောင် စ အထက် တော့ လုံးဝ မ သောက်သင့်ပါဘူး။ဒီပမာဏ က က ဖိန် (၄၀၀)မီလီ ဂရမ်နဲ့ ညီမျှ ပါတယ်။(၁၂-၁၈) အတွင်းဆိုရင်တော့ တစ်နေ့ တစ်ခွက် လောက်ပဲ သောက် သင့် ပါတယ်။creddit #SHWEMOM