သူမလက်ရှိနေထိုင်နေတဲ့ ကျွန်းလေးမှာ မုန်တိုင်းဝင်ပြီးအခြေအနေကို ပြသရင်း စိတ်မပူကြဖို့ ပြောလာတဲ့ ခင်လေးနွယ်

သူမလက်ရှိနေထိုင်နေတဲ့ ကျွန်းလေးမှာ မုန်တိုင်းဝင်ပြီးအခြေအနေကို ပြသရင်း စိတ်မပူကြဖို့ ပြောလာတဲ့ ခင်လေးနွယ်

လီဆူးတိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ ခင်လေးနွယ်ကတော့ တစ်ချိန်က အနုပညာလောကမှာ အခိုင်အမာရပ်တည်ခဲ့ပြီး အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ခင်လေးနွယ်က သူမရဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ထောင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလအတွင်းကပဲ အိမ်ထောင်ပြုလက်ထပ်ခဲ့ပြီ ဖြစ်ပါတယ်။ ခင်လေးနွယ်က လက်တလောမှာ သူမရဲ့ ခင်ပွန်းနဲ့အတူတူ ကော့သောင်းမြို့အနီးမှာရှိတဲ့ သူမတို့ပိုင်ဆိုင်ရာကျွန်းလေးမှာ နေထိုင်နေလျက်ရှိပါတယ်။

ဒီကနေ့မနက် အစောပိုင်းမှာတော့ ခင်လေးနွယ်တို့နေထိုင်ရာ လှိုင်ဂူကျွန်းလေးမှာ မုန်တိုင်းဝင်နေတယ်လို့ ခင်လေးနွယ်က သူမရဲ့ ဖေ့စ်ဘုတ်ကနေ မျှဝေထားပါတယ်။ ဒါပေမယ့် နာရီအနည်းငယ်အကြာမှာတော့ ခင်လေးနွယ်က သူမတို့ကျွန်းလေးရဲ့အခြေအနေကိုပြသရင်း “အားလုံးစိတ်ပူပြီးဂရုစိုက်တဲ့အတွက် ကျေးဇူးပါနော် ။ အဆင်ပြေပါတယ်နော် စိတ်မပူကြပါနဲ့နော်” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။

ခင်လေးနွယ်ကတော့ မုန်တိုင်းအခြေအနေကြောင့် စိုးရိမ်နေကြမယ့် မိတ်ဆွေတွေကို မစိုးရိမ်ဖို့နဲ့ အစစအရာရာအဆင်ပြေကြောင်း ပြောထားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။credit Khin Lay Nwe’s fb Bilie – Cele Connections

unicode





Add a Comment

Your email address will not be published. Required fields are marked *