အပြုံးပိုင်ရှင် (သို့မဟုတ်)  HEROကြီး

အပြုံးပိုင်ရှင် (သို့မဟုတ်)  HEROကြီး

Hero ကြီး ကို​အောင်သူရကျော် အတွက် ချီးကျူးမိလို့ပါ။ ကျနော်က မှော်ဘီမြို့နယ်ထဲမှာ နေပါတယ်။ ဒီနေ့ မနက်လေးနာရီမှာ ကျနော် အိမ်က ဆိုင်ကယ် အခိုးခံလိုက်ရပါတယ် ။မနက် အိပ်ယာထတော့ ဆိုင်ကယ်က မရှိတော့ဘူး
ဆိုင်ကယ်မှာ GPS တပ်ထားတော့ ဘယ်ချိန် ဝင်ခိုးတာလဲ အရင်ကြည့်တယ် မနက်လေးနာရီ သိရတယ် ဘယ်မောင်းသွားလဲ လမ်းကြောင်း နဲ့အခုဘယ်ရောက်နေလဲ လမ်းကြောင်း ထပ်ကြည့် သိပြီလေ ဖုန်းကိုင်ပြီး

ဆိုင်ကယ် တည်နေရာ ကြည့်ရင်း တာဝန်ရှိသူကို ဖုန်းဆက်ခေါ်ပြီး ပြောတော့ ကျနော်နဲ့ အနီးဆုံးက နယ်ထိန်းရဲ့ အားကိုးရသူကို ဆိုင်ကယ်နဲ့ လွတ်ပေးပါတယ် နယ်ထိန်းလဲ သူ့အိမ်ကနေ ချက်ချင်း လိုက်လာပါတယ် သူခိုးက အနားလဲ ရောက်ရော ထွက်ပြေးတယ် ကိုအောင်သူရကျော် ရယ် ကျနော်တို့ ငါးယောက်လောက် ဝိုင်းလိုက်ကြတာ သူခိုးက အပြေးသန်တယ် ကျနော်တို့ ပြတ်ကျန်ခဲ့တယ် လမ်းက အဖြောင့်ဆိုတော့ မြင်နေရတာပေါ့

ကိုအောင်သူရကျော်တစ်ယောက်ပဲ အမှီလိုက်နိုင်တာ သူခိုးနဲ့ သူ နဲ့ By1 တွေ့ချိန် သူခိုးက ပြန်ထိုး သူကလဲ ထိုးနဲ့ ကျနော်တို့ လှမ်းမြင်နေရတယ် နောက်ဆုံး သူရဲ့ က သွက်လတ်မှု ကြောင့် သူခိုးကို လက်ပြန် ချူပ်မိသွားတယ် သူလဲ လက်တွေ ပြဲသွားတယ်

လက်ထိပ်ခတ်ပြီးချိန်မှာ သူ့ရဲ့ပုံ ကို ရိုက်ယူလိုက်တယ် အပြုံးလေးနဲ့ ရယ်ပြနေတာ ကို့မျက်စိရှေ့မှာတင် အားလုံးမြင်လိုက်ရတော့ တကယ်ကို မလေးစားပဲ မနေနိုင်လို့ ကိုအောင်သူရကျော် အတွက် ဂုဏ်ပြုpost လေးနဲ့ ဂုဏ်ပြုလိုက်ရပါတယ်
ညီလေးရေ ဘဝမှာ အောင်မြင်မှုတွေ ရပြီး လိုရာဆန္ဒတွေ ပြည့်ပါစေနော်။CREDIT

UNICODE






Add a Comment

Your email address will not be published. Required fields are marked *