မိဘ အတြက္ အိမ္သစ္ တစ္လုံးနဲ႔ ကား တစ္စီး လက္ေဆာင္ ဝယ္ေပး ခဲ့တဲ့ ပိုင္တံခြန္

အဖေနဲ့အမေ အတွက် အိမ်သစ်လေး တစ်လုံးနဲ့ ကား တစ်စီး လက်ဆောင် ဝယ်ပေး ခဲ့တဲ့ ပိုင်တံခွန်

ပရိ သတ် အချစ်တော် နှုတ်ခမ်းနီမ လေးတွေရဲ့ အသည်းစွဲ ပိုင်တံခွန်ကတော့ ဒီနေ့ အိမ်သစ်‌လေး တစ်လုံး နဲ့ ကား တစ်စီးကို အဖေ နဲ့အမေ အတွက် လက်ဆောင်ဝယ်ပေးဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

Surprise လုပ်ဖို့ အမျိုးမျိုးလိမ်ပြီးခေါ်ခဲ့ပြီး နောက်ဆုံးတော့ အဖေလည်း ငို အမေလည်း ငိုပြီး ကိုယ်တိုင်လည်း ပီတိဖြစ်ခဲ့ရတဲ့ နေ့ရက်လေးပါပဲ ပရိသတ်ကြီးရေ ။

ကျွန်တော် ဆယ်တန်းဖြေပြီးခါစအချိန်ပေါ့ ကျွန်တော့် မိဘတွေ ဘာဆိုဘာမှ မရှိအောင်ကို ဆင်းရဲ အတိ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် အဖေအမေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာက ကျနော်တို့အတွက် ဆင်းရဲဒုက္ခဆိုတာ ဘာမှန်းမသိအောင် ကာကွယ်ပေးခဲ့တယ်။

အဲဒီအချိန်က ကျနော်တို့ ရန်ကုန် စပြီးပြောင်းလာတဲ့အချိန် ။ကျောက်မြောင်းမှာ တိုက်ခန်းလေးငှားပြီး သုခလမ်းက တိုက်အောက်‌လေး မှာ ဒီ သားသမီး ၆ယောက် စားဝတ်နေရေးအတွက် မုန့်တီသုပ်လေး ရောင်းနေတဲ့ မြင်ကွင်း ကျွန်တော် မခံစားနိုင်ခဲ့ဘူး

အဲဒီအချိန်ကတည်း ရင်ထဲအမြဲ တောင်းခဲ့ရတဲ့ ဆု တခုပဲ ရှိခဲ့တယ် ။ တနေ့ သား လုပ်ကျွေးခွင့်ရပါရစေဆိုတဲ့ ဆုကိုတောင်းခဲ့တဲ့ကြောင်း သူ့ဘ၀ ဇာတ်လမ်းလေးကိုလည်း ရေးသားဖော်ပြခဲ့ပါတယ် ။

အသက် (၁၈) နှစ် လောက် မှာ အိမ်ကနေ ထွက်ခဲ့ပေမယ့် ဒီနေ့ထိ တစ်ရက်မှ မိသားစုအပေါ် တာဝန်မပျက်ဖူးသလို “သူများဆီက ငွေတကျပ်တောင် မမက်မောမိစေနဲ့တဲ့ သူများငွေတကျပ်ယူမိရင် တကျပ် ပြန်ဆပ်နိုင်အောင်ကြိုးစားပြီး ဘဝကိုအရိုးသားဆုံး နေထိုင်ပါ ”

ဆိုတဲ့မိဘရဲ့ ဆုံးမစကားအတိုင်းကြိုးစားအလုပ်လုပ်ပြီးရှာဖွေစုဆောင်းရင်း သူများတွေ ကားကောင်းတွေ စီးပြီး ပျော်ပါးနေချိန်မှာ မနက်စာ နေ့လည်စာ ညစာကို (၁၆၀၀) ထက် ပိုမစားခဲ့ဘူး ။

ရှာဖွေသမျှ အရာရာတိုင်းလည်း ငါ့မိသားစု အတွက် နဲ့ လှူဒါန်းဖို့ အတွက် ဆိုတဲ့ စိတ်ပဲရှိခဲ့တယ် လို့ပိုင်တံခွန်ကဆိုပါတယ် ။ အခုချိန်မှာတော့ ပိုင်တံခွန်ကိုယ်တိုင် သိပ်ကို မြင်ချင်တဲ့ အရင် တစ်ချိန်က မိသားစု ပုံရိပ်တခုကို တဖြေးဖြေး မြင်နေရပြီ ဖြစ်ပြီး ပရိသတ်တွေ အားလုံးကို ပြောပြချင်တာက

မိဘကို လုပ်ကျွေးပြုစုခွင့်ဆိုတာ မိဘကိုပေးတဲ့အရာဝတ္ထုတွေရဲ့ တန်ကြေးမဟုတ်ပါဘူး မိဘအပေါ် ရင်ထဲကလာတဲ့ အရိုးသားဆုံး တန်ပြန်တာဝန်သိတတ်မှုပါ ။ ဒါက မိဘအပေါ်မှာ ကိုယ့်ရဲ့ အသန့်ရှင်းဆုံး လုပ်ကျွေးပြုစုခွင့်ပါ ဆိုတဲ့စာသားလေးနဲ့အတူ မိဘကို သိတတ်ဖို့ပရိသတ်တွေကို တိုက်တွန်းစကားဆိုခဲ့ပါသေးတယ် ။

အေဖနဲ႔အေမ အတြက္ အိမ္သစ္ေလး တစ္လုံးနဲ႔ ကား တစ္စီး လက္ေဆာင္ ဝယ္ေပး ခဲ့တဲ့ ပိုင္တံခြန္

ပရိ သတ္ အခ်စ္ေတာ္ ႏႈတ္ခမ္းနီမ ေလးေတြရဲ့ အသည္းစြဲ ပိုင္တံခြန္ကေတာ့ ဒီေန႔ အိမ္သစ္‌ေလး တစ္လုံး နဲ႔ ကား တစ္စီးကို အေဖ နဲ႔အေမ အတြက္ လက္ေဆာင္ဝယ္ေပးျဖစ္တဲ့အေၾကာင္းကို ပရိသတ္ေတြကိုမၽွေဝေပးလာခဲ့ပါတယ္ ။

Surprise လုပ္ဖို႔ အမ်ိဳးမ်ိဳးလိမ္ၿပီးေခၚခဲ့ၿပီး ေနာက္ဆုံးေတာ့ အေဖလည္း ငို အေမလည္း ငိုၿပီး ကိုယ္တိုင္လည္း ပီတိျဖစ္ခဲ့ရတဲ့ ေန႔ရက္ေလးပါပဲ ပရိသတ္ႀကီးေရ ။

ကၽြန္ေတာ္ ဆယ္တန္းေျဖၿပီးခါစအခ်ိန္ေပါ့ ကၽြန္ေတာ့္ မိဘေတြ ဘာဆိုဘာမွ မရွိေအာင္ကို ဆင္းရဲ အတိ ျဖစ္ခဲ့ရတယ္။ ဒါေပမယ့္ အေဖအေမရဲ့ သားသမီးအေပၚထားတဲ့ ေမတၱာက က်ေနာ္တို႔အတြက္ ဆင္းရဲဒုကၡဆိုတာ ဘာမွန္းမသိေအာင္ ကာကြယ္ေပးခဲ့တယ္။

အဲဒီအခ်ိန္က က်ေနာ္တို႔ ရန္ကုန္ စၿပီးေျပာင္းလာတဲ့အခ်ိန္ ။ေက်ာက္ေျမာင္းမွာ တိုက္ခန္းေလးငွားၿပီး သုခလမ္းက တိုက္ေအာက္‌ေလး မွာ ဒီ သားသမီး ၆ေယာက္ စားဝတ္ေနေရးအတြက္ မုန႔္တီသုပ္ေလး ေရာင္းေနတဲ့ ျမင္ကြင္း ကၽြန္ေတာ္ မခံစားနိုင္ခဲ့ဘူး

အဲဒီအခ်ိန္ကတည္း ရင္ထဲအျမဲ ေတာင္းခဲ့ရတဲ့ ဆု တခုပဲ ရွိခဲ့တယ္ ။ တေန႔ သား လုပ္ေကၽြးခြင့္ရပါရေစဆိုတဲ့ ဆုကိုေတာင္းခဲ့တဲ့ေၾကာင္း သူ႔ဘ၀ ဇာတ္လမ္းေလးကိုလည္း ေရးသားေဖာ္ျပခဲ့ပါတယ္ ။

အသက္ (၁၈) ႏွစ္ ေလာက္ မွာ အိမ္ကေန ထြက္ခဲ့ေပမယ့္ ဒီေန႔ထိ တစ္ရက္မွ မိသားစုအေပၚ တာဝန္မပ်က္ဖူးသလို “သူမ်ားဆီက ေငြတက်ပ္ေတာင္ မမက္ေမာမိေစနဲ႔တဲ့ သူမ်ားေငြတက်ပ္ယူမိရင္ တက်ပ္ ျပန္ဆပ္ႏိုင္ေအာင္ႀကိဳးစားၿပီး ဘဝကိုအ႐ိုးသားဆုံး ေနထိုင္ပါ ”

ဆိုတဲ့မိဘရဲ႕ ဆုံးမစကားအတိုင္းႀကိဳးစားအလုပ္လုပ္ၿပီးရွာေဖြစုေဆာင္းရင္း သူမ်ားေတြ ကားေကာင္းေတြ စီးၿပီး ေပ်ာ္ပါးေနခ်ိန္မွာ မနက္စာ ေန႔လည္စာ ညစာကို (၁၆၀၀) ထက္ ပိုမစားခဲ့ဘူး ။

ရွာေဖြသမွ် အရာရာတိုင္းလည္း ငါ့မိသားစု အတြက္ နဲ႔ လႉဒါန္းဖို႔ အတြက္ ဆိုတဲ့ စိတ္ပဲရွိခဲ့တယ္ လို႔ပိုင္တံခြန္ကဆိုပါတယ္ ။ အခုခ်ိန္မွာေတာ့ ပိုင္တံခြန္ကိုယ္တိုင္ သိပ္ကို ျမင္ခ်င္တဲ့ အရင္ တစ္ခ်ိန္က မိသားစု ပုံရိပ္တခုကို တေျဖးေျဖး ျမင္ေနရၿပီ ျဖစ္ၿပီး ပရိသတ္ေတြ အားလုံးကို ေျပာျပခ်င္တာက

မိဘကို လုပ္ေကြၽးျပဳစုခြင့္ဆိုတာ မိဘကိုေပးတဲ့အရာဝတၳဳေတြရဲ႕ တန္ေၾကးမဟုတ္ပါဘူး မိဘအေပၚ ရင္ထဲကလာတဲ့ အ႐ိုးသားဆုံး တန္ျပန္တာဝန္သိတတ္မႈပါ ။ ဒါက မိဘအေပၚမွာ ကိုယ့္ရဲ႕ အသန္႔ရွင္းဆုံး လုပ္ေကြၽးျပဳစုခြင့္ပါ ဆိုတဲ့စာသားေလးနဲ႔အတူ မိဘကို သိတတ္ဖို႔ပရိသတ္ေတြကို တိုက္တြန္းစကားဆိုခဲ့ပါေသးတယ္ ။

Add a Comment

Your email address will not be published. Required fields are marked *