ပုဂံထိပေါက်နိုင်တဲ့ ပခုက္ကူမြို့ မြေအောက်လှိုင်ဂူကြီး

ပခုက္ကူမြို့ တန်ခိုးကြီး သီဟိုဠ်ရှင်ဘုရားကြီး အောက်က မြေအောက်လှိုင်ဂူကြီးက ပုဂံထိပေါက်နိုင် ဟု ကနဦး သိရ

မြန်မာနိုင်ငံမှာရှေးလူကြီးတွေပြောကြားချက်အရမြေအောက်ကနေတူးထားတဲ့တူးမြောင်းတွေ မြေအောက်လမ်းကြောင်းတွေ ရှိတယ်လို့ ကြားသိဖူးတယ်။

ဒါတွေဟာ တကယ်လား ပုံပြင်တွေလားဆိုတာ ဘယ်သူမှ တိတိပပ ပြောဆိုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒီလိုနဲ့ ရှေးပုံပြင်တွေဟာ ယနေ့မှာ တကယ့်လက်တွေ့ဆိုတာ ယုံရမလိုလိုဖြစ်လာခဲ့ပါတယ်။

တစ်ချိန်ကလည်း ရန်ကုန်မြို့တော်ကြီးရဲ့ အထင်က ရွှေတိဂုံ စေတီတော်ကြီးအောက်မှာ လှိုင်ခေါင်းကြီး ရှိတယ်လို့ ကြားသိခဲ့တယ်။ သိပ်မကြာသေးတဲ့ နှစ်တွေက တကယ်ရှိကြောင်း သိလာရတယ်။

ယခုလည်း ပခုက္ကူ မြို့မှာ ပုဂံထိပေါက်နိုင်တယ်ဆိုတဲ့ သတင်းလေးတစ်ခုကြားသိခဲ့ရပါတယ်။ ဒီသတင်းလေးကို Myo Thant ဆိုတဲ့ လူမှုကွန်ယက်ကနေ စတင်မျှဝေခဲ့တာဖြစ်ပါတယ်။

ပခုက္ကူမြို့ တန်ခိုးကြီး သီဟိုဠ်ရှင်ဘုရားကြီး တွင်ရေဆိုးနုတ်မြောင်းတူးရာမှထူးဆန်းစွာမြေအောက်လှိုင်ဂူတွေ့ရှိ..သက်ဆိုင်ရာတာဝန်ရှိများမှကွင်းဆင်းစစ်ဆေးကြည့်ရှု့….ပြည်သူအများအသံကတော့ပုဂံထိပေါက်နိုင်ဟုပြောဆိုနေကြပါကြောင်း။

ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံမှာ ဘာတွေမှာ ထပ်ပြီး ရှိနိုင်သေးလဲ။ ရှေးခေတ်က ဘာတွေများလျှို့ဝှက်ချက်တွေ ရှိသေးလဲဆိုတာ သိချင်လာပါပြီနော်…။credit








Add a Comment

Your email address will not be published. Required fields are marked *