ဝဲ၊နှင်းခူအစိုသက်သာပျောက်ကင်းစေသောဆေးနည်း

လူရှေ့မရှောင် သူရှေ့မရှောင် ကုတ်နေရတဲ့ ဝဲ၊နှင်းခူ အစို သက်သာပျောက်ကင်းစေသော ဆေးနည်း

လူရှေ့မရှောင် သူရှေ့မရှောင် ကုတ်နေရတဲ့ ဝဲ၊နှင်းခူ အစို သက်သာပျောက်ကင်းစေသော ဆေးနည်းကျွန်တော် ပညာလှူပါမည်။ ကျွန်တော်လှူမည့် ပညာသည် ဝဲနှင်းခူအစို သက်သာပျောက်ကင်းစေသော ဆေးနည်းပင် ဖြစ်ပါသည်။

ဤဆေးသည် ဟင်းသီးဟင်းရွက် ဖြစ်ပါသည်။ လူသားများ၏ ခြေသလုံးတွင် ပေါက်တတ်သော ဝဲနှင်းခူအစိုကို ရွှေဖရုံရွက် မီးရှို့ပြာချပြီး ၎င်းပြာကို အုန်းဆီနှင့် ဖျော်စပ်၍ လူးလိမ်းပေးခြင်းပင် ဖြစ်ပါသည်။

ဆေးကုဆေးလိမ်းခ မယူဘဲ ကုသခဲ့ခြင်းကြောင့် ရောဂါသက်သာ ပျောက်ကင်းကြသူ မနည်းတော့ပါဤစာပိုဒ်ကို ဖတ်ရှုမိသူမှတဆင့် ဝဲနှင်းခူရှိသူအား နည်းစနစ်တဆင့် ပြောပြစေလိုပါသည်။

ဤဆေးနည်းဖြင့် ကျွန်တော်၏ ခြေထောက်မှ ဝဲနှင်းခူ အစိုအား ကုသပေးသူ အဒေါ်အား အမြဲကန်တော့ပါသည်။ သူ၏နာမည်ကို မသိလိုက်ရတော့ပါ။credit/မြန်မာ့တိုင်းရင်းဆေး

unicode





Add a Comment

Your email address will not be published. Required fields are marked *