ဓမ္မတရားတော်ကို Beatboxing နဲ့ ရွတ်ဖတ်သွားခဲ့လို့ နာမည်ကြီးနေတဲ့ ဂျပန်ရဟန်းတော်တစ်ပါး (ရုပ်သံ)

ဓမ္မတရားတော်ကို Beatboxing နဲ့ ရွတ်ဖတ်သွားခဲ့လို့ နာမည်ကြီးနေတဲ့ ဂျပန်ရဟန်းတော်တစ်ပါး (ရုပ်သံ)

Yogestsu Akasaka ဘွဲ့အမည်နဲ့ သက်တော် 37 နှစ်ရှိနေပြီဖြစ်တဲ့ ဂျပန်နိုင်ငံမှရဟန်းတော် တစ်ပါးဟာ ” Heart Sutra Live Looping Remix ” အမည်နဲ့ဓမ္မတရားတော်သီချင်းကို Beatboxing နဲ့ထုတ်ဝေခဲ့ပြီးနောက် YouTube မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ Akasaka ကတော့ video ရိုက်ကူးခဲ့တာက online ပေါ်မှာ နာမည်ကြီးပြီး ၊

သူ၏အရည်အချင်းကို ပြသလို၍မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ ” အာရှနိုင်ငံတွေအတော်များများ ပျံ့နှံ့သွားခဲ့လို့ အံ့သြမိပါတယ် ၊ ဂျပန်လို တရားဓမ္မကိုရွတ်ဆိုသွားခဲ့ပေမဲ့လည်း US နဲ့ Europe အထိ ပျံ့နှံသွားလို့ Follower အများကြီးရခဲ့ပါတယ် ။ Follower 20% က ဂျပန်တွေဖြစ်ကြလို့ နောက်ပိုင်းကျရင် အင်္ဂလိပ်လိုရွတ်ဖတ်သွားဖို့ရှိပါတယ် ” ဆိုပြီး ရှင်းပြသွားခဲ့ပါတယ် ။

2005 ခုနှစ်မှာတော့ သူငယ်ချင်းတစ်ယောက်က Akasaka ကို Beatboxer တစ်ဦးဖြစ်တဲ့ Afra နဲ့ မိတ်ဆက်ပေးခဲ့ပြီးနောက် music ကို ပါးစပ်တစ်မျိုးထဲနဲ့သာ တီးမှုတ်ရမှန်း သိရှိခဲ့ရပါတယ် ။ နောက်ပိုင်း စိတ်ဝင်စားပြီး လိုက်လုပ်ကြည့်တဲ့အချိန်မှာတော့ အတော်လေး တော်နေတာကို ကိုယ့်ကိုသတိထားမိခဲ့ပါတယ် ၊ နောက်ပိုင်း ဂျပန် ၊ သြစတြေးလျ နှင့် US မြို့တို့ရှိ လမ်းမကြီးဘေးတွေမှာ

လိုက်လံဖျော်ခဲ့ပါတော့တယ် ။ 2015 ခုနှစ်မှာမှ Akasaka ဟာ ဖခင်ရဲ့ခြေလှမ်းအတိုင်း တရားဘောင်ထဲသို့ဝင်ပြီး ရဟန်းဝတ်ခဲ့တာဖြစ်ပါတယ် ။ ” ကျွန်တော့်ရဲ့ပရိသတ်တွေက ကျွန်တော့်ရဲ့ beatboxing video တွေဟာ သူတို့ကိုနှစ်ခြိုက်စွာ အိပ်ပျော်သွားစေတယ်လို့ ပြောပါတယ် ၊ အဲတာကိုက အတော်လေး အံ့အားသင့်စေပါတယ် ၊

ကျွန်တော့်ယုံကြည်ရာ နဲ့ စိတ်အားထက်သန်ရာကို အသုံးပြုပြီး ကမ္ဘာပေါ်ကလူတွေအတွက် ကောင်းမွန်စွာအကျိုးပြုနိုင်လို့ ဂုဏ်ယူမိပါတယ် ” ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ CREDIT- Jasmine (Mckzone Daily)

UNICODE







Add a Comment

Your email address will not be published. Required fields are marked *