သားသမီးရှိသောမိဘတိုင်းမိမိအိမ်ကပလပ်ပေါက်တွေကိုသတိပြုနိုင်ဖို့ မျှဝေပေးပါတယ်…

သားသမီးရှိသော မိဘတိုင်း မိမိအိမ်က ပလပ်ပေါက်တွေကို သတိပြုနိုင်ဖို့ မျှဝေပေးပါတယ်…

ကလေးငယ်တစ်ဦး မီးပလပ်ပေါက်ထဲ လက်ညှိုးထိုးထည့် ကစားရာမှ ဓါတ်လိုက်သေဆုံးမှုဖြစ် အိမ်မှာ ကလေးငယ်ရှိတဲ့ သူတိုင်း အထူးသတိထား သင့်ပါတယ်။

ဇွန်လ၄ရက်နေ့ကထိုင်းနိုင်ငံနခွန်ရတ်စီမာခရိုင်ထုန့်မြို့နယ်ပရစ်ကျေးရွာအုပ်စုရပ်ကွက်၇အိမ်အမှတ်၁၀၅မှာနေထိုင်ကြတဲ့မိသားစုမှ(၂)နှစ်သားကလေးငယ်နတ်ထကွန်းဟာအိမ်မှာကြွေပြားခင်းနေစဉ်အသုံးပြုတဲ့မီးပလပ်ပေါက်ထဲလက်ညှိုးထိုးဆော့ကစားရာဓါတ်လိုက်မှုဖြစ်ပြီးသေဆုံးသွားခဲ့ပါတယ်။

အလုပ်သမားတွေ နေ့လည်အလုပ်နားနေချိန် မိခင်ဖြစ်သူသည်အိမ်ရှေ့မှာအမှိုက်သိမ်းနေစဉ်ကလေးသည်နောက်မှလိုက် လာပြီးကြမ်းပျဉ်မှာချထားသည့် မီးပလပ်ကြိုး အပေါ်ကထဲလက်ထဲ့ပြီးဆော့လိုက်ခြင်းဖြစ်ပါတယ်။

ကလေးအော်သံ ကြားလို့ချက်ခြင်း ကယ်လိုက်ကြပေမယ့်လည်း အသက်မရှိတော့ပါဘူးမိဘနှစ်ပါး ရင်ထုမနာ ဖြစ်ရပေမယ့်လည်း မိဘတွေရောအလုပ်သမားတွေပေါ့ဆမှုကြောင့်လို့ဘဲဆိုရမလိုဖြစ်နေပါတယ်။

ဒါကြောင့်သင်လည်းအိမ်မှာကလေးရှိတယ်ဆိုရင် လျှပ်စစ်မီးကြိုးပလပ်ပေါက်တွေကိုဖြစ်သလိုမထားပါနဲ့သင့်မိတ်ဆွေတွေကိုလည်းသိအောင်ပြောပြပေးပါ။

UNICODE






Add a Comment

Your email address will not be published. Required fields are marked *