လားရှိုးမြို့တွင် နေအိမ်တစ်လုံး၌ ငှားနေခဲ့သူများ ခေတ္တထားခဲ့သည့် ပစ္စည်းထုပ်များကိုအိမ်ဝယ်လိုက်သူက ရတနာပစ္စည်းများတွေ့ရှိသဖြင့် ပြန်လည်ပေးအပ်

လားရှိုးမြို့တွင် နေအိမ်တစ်လုံး၌ ငှားနေခဲ့သူများ ခေတ္တထားခဲ့သည့် ပစ္စည်းထုပ်များကိုအိမ်ဝယ်လိုက်သူက ရတနာပစ္စည်းများတွေ့ရှိသဖြင့် ပြန်လည်ပေးအပ်

လားရှိုးမြို့တွင် နေအိမ်တစ်လုံး၌ လွန်ခဲ့သည့် သုံးနှစ်ခန့်က ခေတ္တနေထိုင်ခဲ့သူများကိုယ်တိုင် ၎င်းတို့မိဘများပိုင် ရတနာပစ္စည်းများ ရှိနေသည်ကိုမသိဘဲ ယင်းနေအိမ်တွင်ထားခဲ့သည့်အား ပစ္စည်းထုပ်များကို လက်ရှိအိမ်ရှင်ဖြစ်သူက ရှင်းလင်းရာမှ တွေ့ရှိခဲ့သဖြင့် ပိုင်ရှင်များထံပြန်လည်ပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် နေအိမ်တစ်လုံး၌ လွန်ခဲ့သည့် သုံးနှစ်ခန့်က ခေတ္တနေထိုင်ခဲ့သူများကိုယ်တိုင် ၎င်းတို့မိဘများပိုင် ရတနာပစ္စည်းများ ရှိနေသည်ကိုမသိဘဲ ယင်းနေအိမ်တွင် ထားခဲ့သည့်အား ပစ္စည်းထုပ်များကို လက်ရှိအိမ်ရှင်ဖြစ်သူက ရှင်းလင်းရာ သေတ္တာတစ်ခုအတွင်းမှ ရတနာ ပစ္စည်းများကို တွေ့ရှိခဲ့သဖြင့် ယနေ့ (ဩဂုတ် ၂၇ ရက်)တွင် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။

ခေတ္တနေထိုင်သူများနှင့် နေအိမ်မူလပိုင်ရှင်ဖြစ်သူများသည် မိတ်ဆွေများဖြစ်ကြပြီး အဆိုပါနေအိမ်တွင် ၎င်းတို့အား ၂၀၁၆ ခုနှစ်မှစတင်ကာ မေတ္တာဖြင့်နေထိုင်စေခဲ့ပြီး ၂၀၁၇ ခုနှစ်ထိ နေထိုင်ကာ ၎င်းတို့၏ ပစ္စည်းနှင့် မိဘပိုင်ဆိုင်သည့် ပစ္စည်းအချို့ကို ထားခဲ့ပြီး ရန်ကုန်မြို့သို့ သွားရောက်ကာ အလုပ်လုပ်ကိုင် နေခဲ့ကြကြောင်း သိရသည်။

မူလအိမ်ရှင်ဖြစ်သူက အဆိုပါအိမ်အား လားရှိုးမြို့ ရပ်ကွက် (၄) နေ ဝရဇိန်တရုတ်ကားပစ္စည်းဆိုင်မှ ကိုဘုန်းကျော်မြင့် ထံရောင်းချပေးခဲ့ရာမှ ကိုဘုန်းကျော်မြင့်က ယခင်နေထိုင်ခဲ့သူများ ထားရှိသွားသည့် ပစ္စည်းများအား ရှင်းလင်းရာမှတစ်ဆင့် အဖိုးတန်ရွှေထည်နှင့် ကျောက်မျက်များအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က ဒီအိမ်ကို ကျွန်တော့်ဆရာဆီကနေ ပြန်ဝယ်လိုက်တာပါ။ အိမ်ရှင်းတော့ အရင်နေထိုင်ခဲ့ဖူးတဲ့ ဦးစိုင်းစိုးမြင့်တို့ထားခဲ့တဲ့ ပစ္စည်းထုပ်တွေကို ရှင်းရင်း ဒီရတနာပစ္စည်းတွေကို တွေ့တာပါ။ ကျောက်တွေလည်း ပါတယ်။ ရွှေထည်တွေလည်းပါတယ်။ စိန်ထည်တွေလည်းပါတယ်။ ကျောက်အကြောင်းနားလည်တဲ့ သူတွေကို ပြကြည့်တော့ သိန်းထောင်ချီတန်တယ်လို့ ပြောတယ်။

ကျွန်တော်တို့လည်း သူတစ်ပါးပစ္စည်းမလိုချင်ဘူး။ ပိုင်ရှင်အမှန်ဆီကို ပြန်ပေးအပ်ချင်တယ်ပိုင်ရှင်ရဲ့ ဖုန်းနံပါတ်လည်းမရှိတော့ ဆက်သွယ်လို့မရခဲ့ဘူး။ အခုမှ သူတို့က တန့်ယန်းကို ပြန်ပြောင်းမယ်ဆိုပြီး ထားခဲ့တဲ့ပစ္စည်းတွေလာယူမှ အဆက်အသွယ်ရပြီး ပြန်ပေးအပ်နိုင်ခဲ့တာပါ” ဟု လက်ရှိအိမ်ပိုင်ရှင် လားရှိုးမြို့ ၊ရပ်ကွက်(၄) နေ ဝရဇိန်တရုတ်ကားပစ္စည်းဆိုင်မှ ကိုဘုန်းကျော်မြင့်က ပြောသည်။

အဆိုပါ ခေတ္တနေထိုင်ခဲ့သူများသည် ယခုလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ အခြေချနေထိုင်ရန် ပြန်လာပြီး ၎င်းတို့ခေတ္တနေထိုင်စဉ် ချန်ထားရစ်ခဲ့သည့် ပစ္စည်းများအား ပြန်လာယူစဉ်အချိန်မှ မိဘများ သိမ်းဆည်းထားရစ်ခဲ့သည့် အဖိုးတန်ရွှေနှင့် ကျောက်မျက်ရတနာများအား ပြန်လည် လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းရတနာ ပစ္စည်းများကို ၎င်း၏ အမေ သေတ္တာအတွင်းမှ လက်ရှိအိမ်ရှင်ဖြစ်သူက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရတနာပစ္စည်းများ ပြန်လည်လက်ခံရရှိခဲ့သူ ဦးစိုင်းစိုးမြင့်က ပြောကြားသည်။

အရင်ဦးဆုံး ပြောလိုတာက ကျွန်တော်တို့ကို အဲအိမ်လေးမှာ မေတ္တာနဲ့ကူညီပေးနေခဲ့တဲ့ မူလပိုင်ရှင်ဖြစ်တဲ့ တိုးတက်အောင် ကားပစ္စည်းဆိုင်က ဦးမြင့်လွင်နဲ့ သူ့ဆီကတဆင့် ဝယ်လိုက်တဲ့ အခုပစ္စည်းတွေ ပြန်ပေးအပ်တဲ့ ကိုဘုန်းကျော်မြင့်တို့ကို ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော်တို့ ဒီအတောအတွင်း ရန်ကုန်မှာ အလုပ်သွားလုပ်တယ်။

အခုက ရှမ်းပြည်မြောက်ပိုင်းမှာ အခြေချနေထိုင်မယ်ဆိုပြီး ပြန်လာတဲ့အချိန် ထားခဲ့တဲ့ ပစ္စည်းလေးတွေ ပြန်လာသယ်ရင်း အဖေအမေတွေ ထားခဲ့တဲ့ ပစ္စည်းတွေ ပြန်လည်လက်ခံရရှိခဲ့တဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပါတယ်” ဟု ပစ္စည်းများကို ပြန်လည်လက်ခံရရှိသူ ဦးစိုင်းစိုးမြင့်က ပြောကြားသည်။

အိမ်ပိုင်ရှင်ဖြစ်သူ ကိုဘုန်းကျော်မြင့် ပြန်လည်ပေးအပ်ခဲ့သည့် ရတနာပစ္စည်းများမှာ ရွှေဆွဲကြိုး သုံးကုံး၊ လက်စွပ်ကိုးကွင်း၊ ငွေလက်စွပ်သုံးကွင်း၊ ပုလဲနားကပ်သုံးရံ၊ မိုးကုတ်ကျောက်ခြောက်ပွင့်၊ ရွှေလက်ကောက်ခြောက်ကွင်း၊ စိန်ဆွဲပြားတစ်ပြား၊ နီလာငါးပွင့်၊ မိုးကုတ်ကျောက်နှင့် အခြားကျောက် ၅၂ ပွင့်တို့ဖြစ်ကြောင်း သိရသည်။credit

Eleven Media Group

Add a Comment

Your email address will not be published. Required fields are marked *