ဆီးသမားများအတွက် ဆေးနည်း

ဆီးအောင့်၊ ဆီးနည်း၊ ဆီးတော်တော်နဲ့ မထွက်တာတွေအတွက် ဆေးနည်း

ဆီးအောင့်၊ ဆီးနည်း၊ ဆီးတော်တော်နဲ့ မထွက်တာတွေအတွက် ဆေးနည်းဒီဆေးနည်းကို ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး တပည့် ကိုတိုးလေးမှ ဒေါက်တာဒေါ်မြင့်မြင့် မှတဆင့် ကျွန်တော်ထပ်ဆင့် သိရခြင်းပါ ခင်ဗျာ။

ငှက်ပျောသီး ဖီးကြမ်းတစ်လုံးကို အခွံပေါ်မှ အပေါက်ဖောက်ပါခွေးတောက်ရွက် (၇) ရွက် ပတ်ထုတ်ပြီး သုံးခွက်တစ်ခွက် တင်ပြုတ်ပါအခွံခွာပြီးပြုတ်ပြီး ငှက်ပျောသီးစားပါ အရည်ကိုလည်း သောက်ပါ။

ကျွန်တော်ကိုယ်တိုင်ဆီးသွားပြီးသော်လည်း ထပ်သွားချင်နေတာဆီးတော်တော်နဲ့ မထွက်တာ၊ဆီးအိမ်မှာအောင့်နေတာ၊ဆီးနည်းတာစတာတွေသက်သာပြီး ကောင်းသွားလို့အခုအဘအတွက်ပြုတ်ပေးရင်းမိတ်ဆွေတို့ တိုက်ဆိုင်သူများရှိရင်ပေါ့ ခင်ဗျာ။

အဘဦးဆန်းဝေကို နှာခေါင်းပိုက် ထည့်ထားရလို့ ပြုတ်ရည်ကိုပဲ ထည့်ပေးပြီးတဲ့အခါ ဆီးသွားရတာ အချိန်ပိုခြားသွားပြီး ဆီးများများထွက်ပြီး ဆီးသွားရတာ လွယ်သွားလို့ ထပ်ပြုတ်ပါဦးတဲ့ဗျာ။

လူအများအတွက်မို့ရှယ်ပါဗျာငြုပ်သီးစားပြီး ဆီးအောင့်လေ့ရှိတဲ့ဇနီးကလည်းဝမ်းသာအားရဖုန်းဆက်လာတယ်ကျန်နေတဲ့ ငှက်ပျောသီး ဂွေးတောက်ရွက်ပြုတ်တစ်လုံးစားလိုက်တော့သုံးညဆက်တိုက်ဆီးသုံးကြိမ်ထသွားရပြီးအခုဆီးအောင့်နေတာ ပျောက်သွားသတဲ့ ခင်ဗျာ။ဆီးဆေးက ဆရာဝန် ခွင့်ပြုချက်ပါမှ ရောင်းချခွင့်ရှိတာမို့ ဒီနည်းကိုသာ သုံးကြပါလို့။ မိတ်ဆွေတို့ လွတ်လပ်စွာ ရှယ်ကြပါခင်ဗျာ ကုသိုလ်ပြုပါတယ်ခင်ဗျာ။Credit : Maung Maung

unicode






Add a Comment

Your email address will not be published. Required fields are marked *