Stay At Home (၂၉) ၿမိဳ႕နယ္က ျပည္သူမ်ား ေဈးဝယ္ရာတြင္ ကူညီေပးရန္ ၫႊန္ၾကားထား
ကိုဗစ္-၁၉ ေရာဂါ ဒုတိယအေက်ာ့မွာ ကူးစက္မႈဒဏ္ပိုခံလာရတဲ့ ရန္ကုန္တိုင္း က ေနအိမ္မွာ ေနထိုင္ေရး Stay At Home သတ္မွတ္ထားတဲ့ ၂၉ ၿမိဳ႕နယ္မွာ ဆိုင္ထိုင္စားခြင့္မျ ပဳေတာ့ေၾ ကာင္းနဲ႔ ျပည္သူေတြေဈးဝယ္ရာမွာလည္း ကူညီေပးဖို႔ ၿမိဳ႕နယ္စည္ေကာ္မတီေတြကို ၫႊန္ၾကားထားေၾကာင္း
ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးစိုးလြင္က ဒီဗြီဘီ ကို ေျပာပါတယ္။ “Stay At Home က ျပည္သူေတြကို ေဈးဝယ္ရာမွာ ကူညီေပးဖို႔ရယ္၊ သားငါး ဟင္းသီးဟင္း႐ြက္ေရာင္းတဲ့ေဈးေတြကို ဖြင့္ေစဖို႔ရယ္ပါ။”လို႔ ေျပာပါတယ္။
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီက ၿမိဳ႕နယ္စည္ပင္ေတြကို ၫႊန္ၾကားစာမွာေတာ့ စားေသာက္ဆိုင္ေတြ ပါဆယ္စနစ္နဲ႔ပဲ ေရာင္းခ်ဖို႔ စည္း႐ုံးစစ္ေဆး ၾကပ္မတ္ေဆာင္႐ြက္ဖို႔၊ ၿမိဳ႕နယ္တြင္းက ေဈးေတြမွာ သား၊ ငါး ၊ ဟင္းသီးဟင္း႐ြက္၊ ကုန္ေျခာက္ဆိုင္ေတြပဲ ဖြင့္လွစ္ေရာင္းခ်ေရး စည္း႐ုံးေဆာင္႐ြက္ဖို႔ ၊Stay At Home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြက ရပ္ကြက္လမ္းေတြထဲမွာ ေရာဂါထိန္းခ်ဳပ္ေရးလုပ္ေနတဲ့ ရပ္မိရပ္ဖ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရး၊ လူမႈေရးအသင္းအဖြဲ႕၊ ပရဟိတသမားေတြ နဲ႔ ဆက္သြယ္ ေပါင္းစပ္ ညႇိႏႈိင္းေဆာင္႐ြက္ဖို႔ ပါရွိပါတယ္။
ေတာင္ဥကၠလာပၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးေက်ာ္ေဇယ်ာဝင္းက “ဒီလိုမ်ိဳးရပ္ကြက္ထဲမွာ ပထမလႈိင္းတုန္းကပုံစံနဲ႔ အခုဒုတိယလႈိင္းပုံစံနဲ႔က သိပ္မတူဘူးဗ်။ ဒါေၾကာင့္မလို႔ ဒီလိုမ်ိဳး နဂိုကေတာ့ ေဒသႏၲရအုပ္ခ်ဳပ္ေရးပိုင္းကို ေကာ္မတီအေနနဲ႔ပဲ ဝင္ကူညီတာေပါ့ေနာ္။ အခုဟာကေတာ့ ပူးေပါင္းေဆာင္႐ြက္ၿပီးေတာ့ ကူညီေပးပါဆိုတာကို ၫႊန္ၾကားတာပါ။” လို႔ ေျပာပါတယ္။
Credit,
Stay At Home (၂၉) မြို့နယ်က ပြည်သူများ ဈေးဝယ်ရာတွင် ကူညီပေးရန် ညွှန်ကြားထား
ကိုဗစ်-၁၉ ရောဂါ ဒုတိယအကျော့မှာ ကူးစက်မှုဒဏ်ပိုခံလာရတဲ့ ရန်ကုန်တိုင်း က နေအိမ်မှာ နေထိုင်ရေး Stay At Home သတ်မှတ်ထားတဲ့ ၂၉ မြို့နယ်မှာ ဆိုင်ထိုင်စားခွင့်မြ ပုတော့ေြ ကာင်းနဲ့ ပြည်သူတွေဈေးဝယ်ရာမှာလည်း ကူညီပေးဖို့ မြို့နယ်စည်ကော်မတီတွေကို ညွှန်ကြားထားကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ဒီဗွီဘီ ကို ပြောပါတယ်။ “Stay At Home က ပြည်သူတွေကို ဈေးဝယ်ရာမှာ ကူညီပေးဖို့ရယ်၊ သားငါး ဟင်းသီးဟင်းရွက်ရောင်းတဲ့ဈေးတွေကို ဖွင့်စေဖို့ရယ်ပါ။”လို့ ပြောပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက မြို့နယ်စည်ပင်တွေကို ညွှန်ကြားစာမှာတော့ စားသောက်ဆိုင်တွေ ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ စည်းရုံးစစ်ဆေး ကြပ်မတ်ဆောင်ရွက်ဖို့၊ မြို့နယ်တွင်းက ဈေးတွေမှာ သား၊ ငါး ၊ ဟင်းသီးဟင်းရွက်၊ ကုန်ခြောက်ဆိုင်တွေပဲ ဖွင့်လှစ်ရောင်းချရေး စည်းရုံးဆောင်ရွက်ဖို့ ၊Stay At Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ရပ်ကွက်လမ်းတွေထဲမှာ ရောဂါထိန်းချုပ်ရေးလုပ်နေတဲ့ ရပ်မိရပ်ဖ၊ ရပ်ကွက်အုပ်ချုပ်ရေး၊ လူမှုရေးအသင်းအဖွဲ့၊ ပရဟိတသမားတွေ နဲ့ ဆက်သွယ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ဖို့ ပါရှိပါတယ်။
တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်းက “ဒီလိုမျိုးရပ်ကွက်ထဲမှာ ပထမလှိုင်းတုန်းကပုံစံနဲ့ အခုဒုတိယလှိုင်းပုံစံနဲ့က သိပ်မတူဘူးဗျ။ ဒါကြောင့်မလို့ ဒီလိုမျိုး နဂိုကတော့ ဒေသန္တရအုပ်ချုပ်ရေးပိုင်းကို ကော်မတီအနေနဲ့ပဲ ဝင်ကူညီတာပေါ့နော်။ အခုဟာကတော့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကူညီပေးပါဆိုတာကို ညွှန်ကြားတာပါ။” လို့ ပြောပါတယ်။
Credit,