ရိုးမရိပ်သာ” ဆေးရုံ ပိုးတွေ့တဲ့ လူနာအမှတ် 2188ရဲ့ ရင်နစ်ဖွယ်ရေးထားသောစာ

ရိုးမရိပ်သာ” ဆေးရုံ ပိုးတွေ့တဲ့ လူနာအမှတ် 2188ရဲ့ ရင်နစ်ဖွယ်ရေးထားသောစာ စိတ်မကောင်းလိုက်တာ

ကျွန်မ 10ရက်နေ့က ပိုးတွေ့တဲ့ လူနာအမှတ် 2188 ပါ။ 7ရက်နေ့မှာ Hlaine Tet Hotel မှာ Quarantine ဝင်နေရာက10 ရက်နေ့မှာပိုးတွေ့လို့ 13ရက်နေ့မှာ ရိုးမရိပ်သာဆိုတဲ့ ကု သရေးစင်တာကိုရောက်လာပါတယ်။

ပိုးစတွေတဲ့ နေ့က စပြီ း ယနေ့ 16 ရက်နေ့အထိ ကျွန်မကို လာကြည့်တဲ့ ဆရာဝန် မရှိပါဘူး။ ကျွန်မ ကိုသွေးပေါင်ချိန်ကြည့်မယ့်သူမရှိပါဘူး။ ကျွန်မ ကိုနားကြပ်နဲ့လာစမ်းသပ်သူ မရှိသေးပါဘူး။

ကျွန်မတို့ကို ကိုယ်ပူချိန်လာတိုင်းတာ မရှိပါဘူး။ ကျွန်မနဲ့အတူ ရိုးမရိပ်သာမှာ ကျန်ခဲ့တဲ့ ကျန်မိသားစုဝင်တွေလည်း ကျွန်မလိုပဲ ကျန်း မာရေးစောင့်ရှောက်မှုမရပါဘူး။ လက်ရှိကျွန်မတို့နေတဲ့ တိုက်မှာရှိတဲ့ ကျွန်မတို့ဘေးခန်းက ပိုးတွေ့ လူနာတွေလည်း ကျွန်မနည်းတူမရပါဘူး။

ကျွန်မတို့ ရောဂါဝေဒနာတွေကို ခံစားခဲ့ရပြီးပြီ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသခဲ့ရပြီးပြီ။ အခု အခန်း မှာ ရေမရတာ ၂ ရက်ကျော် သွားပြီ။ ဖုန်းတွေအထပ်ထပ်ဆက်လည်း လာမကြည့်ဘူး။

ရေမရလို့ပြောတဲ့အခါ သူတို့အခန်းမှာလည်းရေမရကြောင်းပဲပြောတယ်။ နောက်ဆုံး ဖုန်းပါမကိုင်တော့ဘူး။ ကျွန်မတို့ကို ကုသမှုလည်းမပေး။ နေမှုထိုင်မှုအတွက် အခြေခံလိုအပ်ချက်လည်း မပြည့်စုံပါဘဲနဲ့ ပိုးတွေ့ လူနာတွေကို ဘာဖြစ်လို့ ဒီနေရာကို ခေါ်လာရတာလဲ နားမလည်နိုင်ပါ။

ကိုယ့်အိမ်မှာပဲ ကိုယ့်မိသားစု လော့ဒေါင်းလုပ်ပြီးနေရင်မရဘူးလား။ အခုလည်း ကုသမှာမှ မပေးနိုင်တာပဲလေ။ ကိုယ့်အိမ်မှာကိုယ် မိသားစုအလိုက် တတ်နိုင်တဲ့ facility လေးနဲ့ စိတ်ချမ်းချမ်း သာသာနေခွင့်ရရင် သိပ်ကောင်းမှာပါပဲ။
အခုတော့ ရေမချိုးရလို့ စေးကပ်နေတဲ့ အသားအရေ၊ ဆံပင်တွေနဲ့ လှဲလိုက်တိုင်းဖုန်တွေ၊ ကွန်ကရစ်မှုန့်တွေထနေတဲ့ ကြမ်းခင်းပြောင်ပေါ်မှာ ဖိနပ်စီးထားတာတောင် ပေတလူးနေတဲ့ ကျွန်မကလေးတွေရဲ့ခြေထောက်လေးတွေကြည့်ရင်း ရင်နာရတယ်။

ဆင်ပြောင်ကြီးလို အားရှိတဲ့ ကျွန်မ အမျိုးသားက ခြေလှမ်းငါးလှမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တာမြင်တော့ ဝမ်းနည်းရတယ်။ သူအတော်လေးနေမကောင်းလို့ ဖုန်းအထပ်ထပ်ဆ က်တဲ့ အခါ မနေ့ညက လာကြည့်ပြီး ဓာတ်ဆားရည် ၂ ထုပ် နဲ့ ဆေးတစ်မျိုးပေးပါတယ်။

ဒီမနက် ဖုန်းဆက်ပြီး ဖြစ်နိုင်ရင်ကျွန်မအမျိုးသားကိုတော့ ဆေးရုံပြောင်းပေးဖို့ ဖုန်းဆက် အကြော င်း ကြားထားပါတယ်။ ဖုန်းဆက်ထားတဲ့အချိန် ၂ နာရီ ကျော်နေပေမယ့် အခုအချိန်ထိ လာမကြည့်သေးပါဘူး။ကျွန်မ စာတွေအများကြီး ရေးချင်ပါတယ်။ဒါပေမဲ့ အချိန်မရလို့ပါ။ အခု ဒီ စာကို ရေးချင်လွန်းလို့ မိသားစုကို 15 မိနစ်လောက် တစ်ယောက် ထဲနေခွင့်တောင်းပြီး ရေးလိုက်ရပါတယ်။

ဒီလို စိတ်ပျက်ဖွယ် အခြေအနေက အမြန်ဆုံးရုန်းထွက်ချင်နေပါပြီ။credit

Add a Comment

Your email address will not be published. Required fields are marked *