ရန်ကုန်တိုင်းအတွင်း COVID-19 ကူးစက်မှု စျေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘိုးဘွားရိပ်သာများနှင့် စက်ရုံအလုပ်ရုံများတွင် ဖြစ်ပွားမှု များပြားနေ

ရန်ကုန်တိုင်းအတွင်း လတ်တလော COVID-19 ကူးစက်မှု အခြေအနေအရ စျေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘိုးဘွားရိပ်သာများနှင့် စက်ရုံအလုပ်ရုံများတွင် အစုလိုက်ဖြစ်ပွားမှု များပြားနေ

ရန်ကုန်တိုင်းအတွင်း လတ်တလော COVID-19 ကူးစက်မှု အခြေအနေအရ စျေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘိုးဘွားရိပ်သာများနှင့် စက်ရုံအလုပ်ရုံများတွင် အစုလိုက်ဖြစ်ပွားမှုများပြားနေရန်ကုန်တိုင်းအတွင်း လတ်တလော COVID-19 ကူးစက်မှု အခြေအနေအရ စျေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘိုးဘွားရိပ်သာများနှင့် စက်ရုံအလုပ်ရုံများတွင် အစုလိုက်ဖြစ်ပွားမှု များပြားနေ။

ရန်ကုန်တိုင်းဒေသကြီး၌ လတ်တလော COVID-19 ကူးစက်မှု အခြေအနေအရ စျေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘိုးဘွားရိပ်သာများနှင့် စက်ရုံအလုပ်ရုံများတွင် အစုလိုက် ဖြစ်ပွားမှုများ များပြားနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

ကိန်းဂဏန်းတစ်ခုနဲ့ တစ်ခုမှာ ရာဇဝင်တွေရှိတယ်။ ဖြစ်ပွားမှု တစ်ခုနဲ့ တစ်ခုမှာ လူတစ်ဦးချင်းရဲ့ ရောဂါဖြစ်ပွားမှု ရာဇဝင်အရ ရောဂါကို ဘယ်လိုရရှိသလဲဆိုတဲ့ ရာဇဝင်တွေရှိတယ်။ ခုနကပြောတဲ့ ကိန်းဂဏန်းတွေနောက်ကို ပြန်လိုက်ကြည့်တဲ့အခါ ဂဏန်းတွေက သွားပြီးစုနေတာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ကပ်ရောဂါဗေဒအရပြောရင် Chuster ပေါ့နော်။ Case တွေစုစုနဲ့ ဖြစ်နေတဲ့ အနေအထားကို တွေ့ရပါတယ်။

တစ်နိုင်ငံလုံးအနှံ့ပြန့်ပြီး အိမ်တိုင်း၊ အိမ်တိုင်း ရောဂါရှိတဲ့သူတွေ ပေါ်ထွက်နေတာ ထက်စာရင် စုစု၊ စုစုလေးတွေပဲ တွေ့နေရတဲ့ အနေအထားဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးကလည်း ကျွန်တော်တို့နိုင်ငံကို Chuster of Cases လို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့မှာလည်း ခုနကပြောသလို ဖြစ်ပွားနေတဲ့ လူတစ်ယောက်ကိုတွေ့ရင် လိုက်တယ်။ လိုက်တဲ့အခါ သူနဲ့ဆက်စပ်ပြီး ထိတွေ့တဲ့သူတွေက အများကြီး။

တနည်းအားဖြင့်၃၀/၄၀တချို့ Chuster တွေဆိုရင် ၇၀/၈၀ လောက်အထိ တွေ့တာတွေ ရှိပါတယ်ဟု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။COVID-19 ပိုးတွေ့လူနာများ၏ ထက်ဝက်ကျော်မှာ Contact Person များမှဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်း၌ ပြည်ပမှ ပြန်လာသူများ အပါအဝင် လူဦးရေ ၄၀၀၀၀ ဝန်းကျင်ကို Quarantine ထားရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

Positive တွေ ဆက်တိုက်ဖြစ်သွားတာ အဲဒီနေရာတွေကို ပြန်ကြည့်တဲ့အခါ ထပ်ပြီးထူးခြားချက်တွေကို တွေ့ရပါတယ်။ အဲဒါက နံပါတ် (၁) ဘာလဲဆိုတော့ စျေးပါ။ စျေးတွေကနေ ကူးစက်ခံရတဲ့ အရေအတွက် တော်တော်လေး များတာကို တွေ့ရပါတယ်။ နံပါတ် (၂) အရေအတွက်က ဘုန်းတော်ကြီးကျောင်းလို နေရာမျိုးတွေပါ။

ဒီလိုမျိုးနေရာ တွေမှာလည်း သွားတွေ့ပါတယ်။ နံပါတ် (၃) က ဘိုးဘွားရိပ်သာလို နေရာမျိုးတွေမှာလည်း ခုနပြောတဲ့ အစုလိုက် ဖြစ်ပွားမှုလေးတွေ တွေ့ရပါတယ်။ နံပါတ်(၄)က အချို့စက်ရုံ၊ အလုပ်ရုံလို နေရာမျိုးတွေမှာလည်း သွားတွေ့တယ်။ ဒီနေရာတွေက လုပ်ငန်းသဘောဘဘာဝ အရလည်း သူက အစုအဖွဲ့နဲ့ လုပ်နေရတဲ့ သဘာဝရှိတယ်။

အဲဒီတော့ ဒီလိုနေရာမျိုးတွေမှာ လုပ်ကိုင်နေတဲ့ ပြည်သူတွေ အနေနဲ့ သတိကိုအထူးထားပြီး ကာကွယ်ရေနည်းလမ်းတွေကို လိုက်နာဖို့ လိုပါတယ်ဟု ပြောရေးဆိုခွင့်ရှိသူဒေါက်တာသန်းနိုင်စိုးကဆက်လက်ပြောကြားသည်တောင်ဥက္ကလာပမြို့နယ် (၃) ရပ်ကွက် ငွေကြာရံ ပရိယတ္တိ စာသင်တိုက်ရှိ သံဃာတော် ၁၄ ပါးနှင့် လူသုံးဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်၏ ပြောကြားချက်အရ သိရသည်။

“ငွေကြာရံကျောင်းတိုက်က သံဃာတော်အပါး ၈၀ နဲ့ လူ ၂၅ ထပ်စစ်ပါတယ်။ မြို့နယ်ကျန်းမာရေး အစီအစဉ်နဲ့ပဲ ထပ်စစ်တာပေါ့။ အဲဒီလိုစစ်တော့ သံဃာတော် ၁၄ ပါးက Positive တွေ့တယ်ပေါ့။ လူကတော့ သုံးယောက်တွေ့တယ်ပေါ့။ စစ်တာကတော့ မြို့နယ်ကျန်းမာရေး အစီအစဉ်နဲ့ပဲ မြို့နယ်ကျန်းမာရေး ဦးစီးမှူးရယ် အုပ်ချုပ်ရေးအပိုင်းရယ် ပူးပေါင်းဆောင်ရွက်တာပါ” ဟု တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ပြောကြားသည်။

ထိုသို့စစ်ဆေးရာတွင် တစ်ခါတည်း အဖြေထွက်သည့် Test Kit ဖြင့် အမြန်စစ်ဆေးခြင်းဖြစ်ကြောင်း၊ ယခင်ရက်ပိုင်းက သံဃာတော်တစ်ပါးနှင့် လူတစ်ဦးမှာ ဧရာဝတီစင်တာတွင် သွားရောက်စစ်ဆေးခဲ့ကာ Positive အဖြေထွက်ရှိသည့်အတွက် ယခုကဲ့သို့ စစ်ဆေးခြင်းဖြစ်ကြောင်း ဒေါက်တာစောနိုင်က ဆက်လက် ပြောကြားသည်။

တစ်ခါတည်း အဖြေထွက်တဲ့ Test Kit နဲ့ အမြန်စစ်တာပေါ့။ ဟိုနေ့ကတော့ သံဃာတော်တစ်ပါးနဲ့ လူတစ်ဦးကတော့ ဧရာဝတီစင်တာမှာ သွားစစ်တာပေါ့။ သွားစစ်တာက ဘုန်းကြီးတစ်ပါးနဲ့ လူတစ်ဦး တွေ့တယ်” ဟု ဒေါက်တာစောနိုင်က ပြောကြားသည်။လက်ရှိတွင် ငွေကြာရံပရိယတ္တိ စာသင်တိုက်ကို Lockdown ချထားကာ ရောဂါပိုး တွေ့ရှိသည့် သံဃာတော် ၁၄ ပါးနှင့် လူသုံးဦးအား ကိုဗစ်ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အဆိုပါ ငွေကြာရံ ပရိယတ္တိ စာသင်တိုက်တွင် သီတင်းသုံးနေထိုင်သည့် သံဃာတော် အပါး ၈၀ ကျော်နှင့် ဝေယျဝစ္စပြုလုပ်သည့် လူပုဂ္ဂိုလ် ၂၅ ဦး ရှိကြောင်း သိရသည်။credit

Add a Comment

Your email address will not be published. Required fields are marked *