သီချင်းဆိုနေရင်း ဟွာနေရာကို လာကိုင်တဲ့ ပရိသတ်ကို ကန်ချလိုက်တဲ့ အဆိုတော် အမျိုးသမီး (ရုပ်သံ)

အင်ဒိုနီးရှား အမျိုးသမီး အဆိုတော်တဦးဟာ စတိတ်စင်ပေါ် သီဆိုဖျော်ဖြေချိန် စင်အောက် မှ ပရိသတ်တဦးက ပေါင်ကြားထဲကို လက်သရမ်းပြီး ထိကိုင် ခဲ့တဲ့အတွက် ခြေထောက်နဲ့ ဆောင့်ကန်ခဲ့တဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေ ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဂျာဗားပြည်နယ် အလယ်ပိုင်းက နိုက်ကလပ်တခုထဲမှာ ဖျော်ဖြေနေချိန် ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဇွန်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုတော် ဂက်ဘီ ဗက်စ်တာဟာ လျှောက်လမ်းစင်မြင့်ပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး ပရိသတ်တွေအနီး သီချင်းသီဆိုရင်း ထိုင်ချလိုက်ချိန်မှာ ပရိသတ်ထဲက အမျိုးသားတဦးက ခုလို မဖွယ်မရာလုပ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဂျေအဆိုတော် ဟာ အောက်ပိုင်းက အတိုအပြတ် ဝတ်ဆင်ထားခဲ့ပြီး လယ်သာဒေါက်မြင့်ဖိနပ်ကို စီးထားခဲ့ကာ ခုလိုကြုံချိန်မှာတော့ အဲဒီ ပရိတ်သတ်ရဲ့ ဦးခေါင်းကို ဖိနပ်နဲ့ ဆောင့်ကန်ခဲ့တာ တွေ့ရပါတယ်။

ဒီနောက် အဲဒီအမျိုးသားကို လုံခြုံရေး ဝန်ထမ်းတွေက အပြင်ကို ဆွဲထုတ်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုတော်အမျိုးသမီးကတော့ ဒီရုပ်သံ ဗွီဒီယိုဖိုင်ကို ပြန်လည်မျှဝေခဲ့ပြီး ဒါဟာ အမျိုးသားတွေအနေ နဲ့ ခုလိုမျိုး အမျိုးသမီးတွေအပေါ် မဖွယ်မရာလုပ်တာမျိုးကို သတိပြု ရှောင်ကြားကြစေဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

“ကျမ သူ့မျက်နှာကို ကန်ပစ်လိုက်ရတာ စိတ်ထဲ တကယ်မကောင်းပါဘူး။ သူလုပ်တာက မသင့်တော်ဘူးလေ။ ဆက်စီ ကျကျ အဝတ်အစားတွေ ဝတ်ဆင်ရတယ်ဆိုတာ ကျမတို့ ဖျော်ဖြေမှုရဲ့ တစိတ်တပိုင်းပါပဲ။ နိုက်ကလပ်က အချိန်ပိုင်း ဖျော်ဖြေပေးဖို့ ငှားရမ်းခဲ့တယ်။ ဒါက ခုလိုလုပ်ခံရဖို့ မဟုတ်ပါဘူး။”

အဆိုတော်က ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ပြီး သင်ခန်းစာယူစေချင်တယ်၊ သူ ဖျော်ဖြေဖူးသမျှ ပွဲတွေတလျှောက် ဘယ်တုန်းကမှ ခုလိုမကြုံခဲ့ရဘူး လို့လည်း ပြောပါတယ်။

ရုပ်သံကြည့်ရန်

Add a Comment

Your email address will not be published. Required fields are marked *