မ်က္မွန္တသက္လုံး လြတ္ေစေသာ ေဆးနည္း — တကယ္ေကာင္းတယ္

မ်က္မွန္တသက္လုံး လြတ္ေစေသာ ေဆးနည္း — တကယ္ေကာင္းတယ္

မ်က္မွန္အေဆာင္ လြတ္ေစေသာ ခေပါင္းေရၾကည္ႏွင့္ ဖန္ခါးသီးအစြမ္း “̏ ဆရာ မ်က္မွန္မပါပဲ လမ္းေတြေလွ်ာက္။ စာေတြဖတ္နဲ႔ပါလား˝

̏“ကြၽန္ေတာ္မ်က္စိမမႈန္ေတာ့ဘူးဗ်˝ “လုပ္ပါဦးေဆးနည္းေကာင္း˝

“̏ခေပါင္းေရၾကည္အေခါက္ (၁၀) က်ပ္သားေလာက္ကို ထန္းလ်က္ (၃) လုံး၊ ေရမတ္ခြက္ (၉) ခြက္နဲ႔ ေရာက်ိဳၿပီး အေအးခံတယ္။ ၿပီးမွအရည္စစ္ယူၿပီး ပုလင္းထဲ ထည့္ထားတယ္။ ေန႔တိုင္း လက္ဖက္ရည္ပန္းကန္တစ္လုံးစာ ေသာက္တယ္။ ေဆးကုန္ရင္ ေနာက္တစ္ခါစီမံၿပီး မျပတ္မွီဝဲ တယ္။˝

ေနာက္တစ္နည္းလည္းလုပ္တယ္

“အဲ့ဒါဖန္းခါးသီးကို အမႈန႔္လုပ္ထားတာ။ တစ္ပတ္ (၂) ႀကိမ္ ဖန္ခါးမႈန႔္နဲ႔ နႏြင္းမႈန႔္စစ္စစ္ကို ေရနဲ႔ေရာစပ္ၿပီး ညအိပ္ခ်ိန္ကြင္းၿပီးအိပ္တာပဲ။ မ်က္ရည္ပူက်တာ၊ မ်က္စိေအာင့္တာ၊ အျမင္ေ၀ဝါး မ်က္စိမႈန္တာမျဖစ္ေတာ့ ဘူး။˝

ခေပါင္းေရၾကည္ – ပင္လတ္မ်ိဳးျဖစ္သည္။ အေခါက္မွာ မီးခိုေရာင္ျဖစ္သည္။ အပြင့္သည္ ျဖဴ၍ေမႊြးသည္။ အသီးသည္ ဆီးျဖဴသီးအ႐ြယ္ရွိ၍ မွည့္လွ်င္ သေျပရင့္ေရာင္ျဖစ္ကာ အေစ့တစ္ေစ့သာရွိသည္။ အ႐ြက္မွာ ခေပါင္း႐ြက္ႏွင့္ တူေသာ္လည္း ခေပါင္း႐ြက္ထက္မ်ားစြာေသးသည္။ ဂုဏ္ႏွင့္စြမ္းရည္တြင္ မ်က္စိကိုအက်ိဳးျပဳၿပီး မ်က္စိေရာဂါကို ေပ်ာက္ကင္းေစကာ ေရကိုၾကည္လင္ေစတတ္သည္။

မ်က္စိေသြးေျခတည္ ခေပါင္းေရၾကည္ေစ့ကို ေသြး၍ မ်က္စိကြင္းေပးလွ်င္ ထိုေရာဂါေပ်ာက္သည္။ အျခားေသာ မ်က္စိနာဟူသမွ် ထိုနည္းအတိုင္းျပဳလုပ္ေပးပါက ေပ်ာက္ကင္းသည္။

မ်က္စိမႈန္ – ခေပါင္းေရၾကည္ေစ့ကို ေသြး၍ မ်က္စိကြင္းေပးပါက မ်က္စိမႈန္ဝါးျခင္းကင္း၍ အျမင္သန္လာပါလိမ့္မည္။

မ်က္စိတိမ္သလာ – ယင္းအေစ့ကို ပ်ားရည္ႏွင့္ေသြးကာ မ်က္စိအားကြင္းေပးပါက မ်က္စိတိမ္သလာေရာဂါ ေပ်ာက္ကင္း၏။ ခေပါင္းေရၾကည္ႏွင့္ပတ္သက္ၿပီး အျခားေပ်ာက္ကင္းေစေသာ ေရာဂါမ်ားလည္း ရွိေနေသးပါသည္။ အဓိက မ်က္စိေရာဂါကို ေပ်ာက္ကင္းေၾကာင္း အရွင္နာဂသိန္ေဆးက်မ္းတြင္ ၫႊန္းဆိုသည္။

စာကိုး – နကၡတၱေရာင္ျခည္ အမွတ္(၃၇၂)/(၃၄၈)  မ်က္မွန္အေဆာင္ လြတ္ေစေသာေဆးနည္း / မ်က္စိအတြက္ဖန္ခါးခ်က္ အရွင္နာဂသိန္ပုံျပေဆးအဘိဓာန္ Credit : ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

မျက်မှန်တသက်လုံး လွတ်စေသော ဆေးနည်း — တကယ်ကောင်းတယ်

မျက်မှန်အဆောင် လွတ်စေသော ခပေါင်းရေကြည်နှင့် ဖန်ခါးသီးအစွမ်း “̏ ဆရာ မျက်မှန်မပါပဲ လမ်းတွေလျှောက်။ စာတွေဖတ်နဲ့ပါလား˝

̏“ကျွန်တော်မျက်စိမမှုန်တော့ဘူးဗျ˝ “လုပ်ပါဦးဆေးနည်းကောင်း˝

“̏ခပေါင်းရေကြည်အခေါက် (၁၀) ကျပ်သားလောက်ကို ထန်းလျက် (၃) လုံး၊ ရေမတ်ခွက် (၉) ခွက်နဲ့ ရောကျိုပြီး အအေးခံတယ်။ ပြီးမှအရည်စစ်ယူပြီး ပုလင်းထဲ ထည့်ထားတယ်။ နေ့တိုင်း လက်ဖက်ရည်ပန်းကန်တစ်လုံးစာ သောက်တယ်။ ဆေးကုန်ရင် နောက်တစ်ခါစီမံပြီး မပြတ်မှီဝဲ တယ်။˝

နောက်တစ်နည်းလည်းလုပ်တယ်

“အဲ့ဒါဖန်းခါးသီးကို အမှုန့်လုပ်ထားတာ။ တစ်ပတ် (၂) ကြိမ် ဖန်ခါးမှုန့်နဲ့ နနွင်းမှုန့်စစ်စစ်ကို ရေနဲ့ရောစပ်ပြီး ညအိပ်ချိန်ကွင်းပြီးအိပ်တာပဲ။ မျက်ရည်ပူကျတာ၊ မျက်စိအောင့်တာ၊ အမြင်ဝေဝါး မျက်စိမှုန်တာမဖြစ်တော့ ဘူး။˝

ခပေါင်းရေကြည် – ပင်လတ်မျိုးဖြစ်သည်။ အခေါက်မှာ မီးခိုရောင်ဖြစ်သည်။ အပွင့်သည် ဖြူ၍မွှွေးသည်။ အသီးသည် ဆီးဖြူသီးအရွယ်ရှိ၍ မှည့်လျှင် သပြေရင့်ရောင်ဖြစ်ကာ အစေ့တစ်စေ့သာရှိသည်။ အရွက်မှာ ခပေါင်းရွက်နှင့် တူသော်လည်း ခပေါင်းရွက်ထက်များစွာသေးသည်။ ဂုဏ်နှင့်စွမ်းရည်တွင် မျက်စိကိုအကျိုးပြုပြီး မျက်စိရောဂါကို ပျောက်ကင်းစေကာ ရေကိုကြည်လင်စေတတ်သည်။

မျက်စိသွေးခြေတည် ခပေါင်းရေကြည်စေ့ကို သွေး၍ မျက်စိကွင်းပေးလျှင် ထိုရောဂါပျောက်သည်။ အခြားသော မျက်စိနာဟူသမျှ ထိုနည်းအတိုင်းပြုလုပ်ပေးပါက ပျောက်ကင်းသည်။

မျက်စိမှုန် – ခပေါင်းရေကြည်စေ့ကို သွေး၍ မျက်စိကွင်းပေးပါက မျက်စိမှုန်ဝါးခြင်းကင်း၍ အမြင်သန်လာပါလိမ့်မည်။

မျက်စိတိမ်သလာ – ယင်းအစေ့ကို ပျားရည်နှင့်သွေးကာ မျက်စိအားကွင်းပေးပါက မျက်စိတိမ်သလာရောဂါ ပျောက်ကင်း၏။ ခပေါင်းရေကြည်နှင့်ပတ်သက်ပြီး အခြားပျောက်ကင်းစေသော ရောဂါများလည်း ရှိနေသေးပါသည်။ အဓိက မျက်စိရောဂါကို ပျောက်ကင်းကြောင်း အရှင်နာဂသိန်ဆေးကျမ်းတွင် ညွှန်းဆိုသည်။

စာကိုး – နက္ခတ္တရောင်ခြည် အမှတ်(၃၇၂)/(၃၄၈)  မျက်မှန်အဆောင် လွတ်စေသောဆေးနည်း / မျက်စိအတွက်ဖန်ခါးချက် အရှင်နာဂသိန်ပုံပြဆေးအဘိဓာန် Credit : ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *